အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ
Feb 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အတွင်းရှိ ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဖြင့် အသားများဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏စီစဥ်မှုဖြင့် ယမန်နေ့နေ့နံနက်(၈း၀၀)နာရီအချိန်က ဌာနာရပ်ကွက် အလုံမြို့နယ်ခန်းမရှေ့တွင် ဆန်/ဆီ/ ကြက်ဥနှင့် အသား/ ငါးများ ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။