မုံရွာ ဖေဖော်ဝါရီ ၁၁
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆန်းမင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့နယ် လူဝင်မှုကြီးကြပ် ရေးမှူး ဦးသန်းမင်းစိုး ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆) အလတ်စား စက်ပြင်ရုံအတွင်းရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဂွေကြီးရပ်ကွက်နေ ပြည်သူစုစုပါင်း (၇၀)ဦးခန့်အား နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မုံရွာမြို့နယ်ဦးစီးမှူး ဦးဆန်းမင်းအောင်က တက်ရောက်လာသော ပြည်သူများအား နိုင်ငံသား စီစစ်ရေးကတ်ပြား အသုံးဝင်မှုများကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ပြီး မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးသန်းမင်းစိုးက “နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်ခြင်းနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ လက်ကမ်းစာစောင်ကို ဖြန့်ဝေ ပေးခြင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ရာတွင် နိုင်(၂) ကောက်ယူခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် သွေးစစ်ဆေးခြင်း များကို တပြိုင်တည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)