ဘိုကလေးမြို့နယ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဏ္ဍအလိုက် ဖွံ့ဖြိုးမှု ဓာတ်ပုံပြပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြခန်းပါဝင်ပြသ

ဘိုကလေး ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံ ပညာကျောင်းများ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများနှင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၈)နာရီတွင် စတင်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြခန်းပါဝင် ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြခန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဘိုကလေးမြို့နယ်အတွင်းမှ  ဘုရား၊ စေတီများ၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အပါအဝင် အထင်ကရနေရာများနှင့် သမိုင်းအချက်အလက်များ၊ ဘိုကလေးမြို့သူ/ သားများ ဖြစ်ကြသည့် တစ်သက်တာ အကယ်ဒမီဆုရှင် စွယ်စုံရ အနုပညာရှင် စည်သူဗိုလ် ကလေးတင့်အောင်နှင့် စာပေပညာရှင် ဂျာနယ်ကျော်မမလေး၏ အထ္ထုပ္ပတ္တိများ၊ မသန်စွမ်းသူ များ၏ အခွင့်အရေးများနှင့် ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်များနှင့် သဘာဝ ဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိပြီး လာရောက်လေ့လာ ကြည့်ရှု သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)