ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ် စာစောင် ပြပွဲကို ယနေ့နံနက် (၈) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်သင်းသင်းဇင် က (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်များ ထားရှိရေးနှင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြောင်း  သိကောင်းစရာများကို ဟောပြောသည်။

အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှု ခဲ့ကြသည်။

ဟောပြောပွဲသို့ လာရောက်ကြသည့် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များအား ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)