တနိုင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) လမုန်မှ အခြေခံပညာ အထက်တန်းကျောင်း လမုန်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်

တနိုင်း ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) လမုန်မှ အခြေခံပညာ အထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း လမုန်၌ ကျင်းပခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)လမုန်မှ အခြေခံပညာ အထက်တန်းကျောင်း လမုန်သို့ အဆင့် တိုးမြှင့်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်ပညာရေးဖွံ့ဖြိုးမှုကော်မတီဥက္ကဋ္ဌ) ဦးအောင်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် မကောကျေးရွာအုပ်စု၊ လမုန်ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြောင်း သိရသည်။

ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်ပညာရေးဖွံ့ဖြိုးမှုကော်မတီဥက္ကဋ္ဌ) ဦးအောင်စိုး၊ မြို့နယ် ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ ဌာနဆိုင်ရာများ၊ လမုန်‌ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်း ကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများက အမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သိရသည်။

ဝါဝါ(တနိုင်း)