ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်နေ့အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ

ကျောက်ဖြူ ဖေဖော်ဝါရီ ၁၁

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပရာ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ ဆရာ၊ ဆရာမများနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) အမှတ်စဉ်(၇/၂၀) တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) အမှတ်စဉ်(၇/၂၀) တန်းခွဲ(H)နှင့် တန်းခွဲ(D)မှ သင်တန်းသား၊ သင်တန်းသူနှစ်ဦးမှ  “မြန်မာ့ ကြွေးကြော်သံ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြသည်။ ယင်းနောက် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်၊ လူမှုရေးဘာသာရပ်များဌာနမှ တွဲဖက်ပါမောက္ခဆရာမကြီး ဒေါ်ခင်မေထွေး က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ သည်။ ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်နေ့ အထိမ်း အမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိကြ သည့် သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ဖျော်ဖြေမှုအစီအစဉ်အား ဆက်လက်ပြုလုပ်ရာ စောသန္တာဆောင်မှ သင်တန်း သား၊ သင်တန်းသူများမှ “မုနိမဟာဘဂဝါ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ပိုးဝါဆောင်မှ သင်တန်းသား၊ သင်တန်းသူများမှ “စိုင်လာထွန်းလီ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT)အမှတ်စဉ် ၇/၂၀ သင်တန်းသားများမှ “ရခိုင်ရိုးရာဒုံးသိုင်း” အကဖြင့် ကပြဖျော်ဖြေခြင်း၊ စောပြည့်ညိုဆောင်မှ သင်တန်းသူများမှ “ဝေသာလီ” ယိမ်းအကဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်းနှင့် (PPTT) သင်တန်းအမှတ်စဉ် ၇/၂၀ တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများမှ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် ၇/၂၀ တက်ရောက်နေကြသည့် ဆရာ၊ ဆရာမ ၄၂၆ ဦးရှိကာ ၎င်းတို့အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ အဆိုပါ သင်တန်းအား ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း