အမာမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် (Talk Show) ကျင်းပ

အမာ ဖေဖော်ဝါရီ ၁၁

‌ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ Community Centre ၌ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က ပြုလုပ်ခဲ့သည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဉ်သိန်းတို့က ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာများကို  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ထို (Talk Show) ဆွေးနွေးပွဲကို We Love Page နှင့် မြို့ရုံးပြည်သူ့စာကြည့်တိုက် Page များမှတစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)