သတင်းများ

မြန်အောင်ခရိုင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ကျင်းပပြုလုပ် သည်။
ဝေါမြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 14,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်  ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ဝေါမြို့၊ ချမ်းမြသာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး မြို့မခန်းမရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲကျင်းပ
Apr 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ခိုလမ်မြို့ ရွှေစေတီမုဒ်ဦးအရှေ့ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ပေါင်မြို့နယ်တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ
Apr 14,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကျောင်းလမ်း၌ လမ်းလျှောက်သင်္ကြန်ကျင်းပ
Apr 14,2023
၁၃၈၄ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အကြိုနေ့ဖြစ်သည့် ယမန်နေ့ညနေ (၄) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်ရှိ ပြည်ထောင်စုကျောင်းလမ်း၌ လမ်းလျှောက်သင်္ကြန် ကျင်းပပြု လုပ်ခဲ့သည်။
တောင်ကြီးမြို့ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ
Apr 14,2023
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ(၁၃)ရက်ညနေ(၃)နာရီက တောင်ကြီးမြို့ သစ်တောရပ်ကွက်၊  လွှတ်တော်ရုံးလမ်းရှိ ရှမ်းပြည်နယ်အစိုးရရုံးအဖွဲ့ရုံးရှေ့၌ ကျင်းပသည်။
မြိတ်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့်  မဟာသင်္ကြန်မဏ္ဍပ်ဖွင့်လှစ်
Apr 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၏ ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် မဟာသင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ယမန်နေ့ညနေ(၄)နာရီက အဆိုပါမဏ္ဍပ်၌ ဖွင့်လှစ်ခဲ့ကြပြီး သပြေခက်နှင့် အတာရေစင်သွန်းလောင်းပက်ဖျန်း၍ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စတင်ဆင်နွဲခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားပြုလုပ်
Apr 14,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ဆားတန်းရပ်ကွက် လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်ရာ မုခ်ဦးရှေ့၌ ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။