သတင်းများ

စမ်းချောင်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကြတ်​နေ့) “စမ်းရေအေး” ရေကစားမဏ္ဍပ်၌ ပြည်သူများ​​ပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် ရေကစားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိရာ စမ်းချောင်းမြို့နယ်“စမ်းရေအေး” ရေကစားမဏ္ဍပ်တွင်လည်း ယိမ်းအကအလှများဖြင့် ကပြဖျော်​ဖြေခြင်း၊ ငြိမ်းချမ်းရေးသံစဉ်လှိုင်းတီးဝိုင်းဖြင့် ဖျော်ဖြေခြင်း၊ ရေကစားကြခြင်းဖြင့် မဟာသင်္ကြန်ပွဲ​တော်ကို အေးချမ်း​ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ​ကြောင်း သိရသည်။
မအီမြို့၌ မဟာသင်္ကြန်အကြတ်နေ့ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 16,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ မအီမြို့အ.ထ.ကရှေ့ မြို့မဗဟိုမဏ္ဍပ်နှင့် မအီနယ်မြေရဲစခန်းမိသားစုမှ ကြီးမှူးဖွင့်လှစ်သည့် "မေတ္တာရိပ်" ရေကစားမဏ္ဍပ်တို့၌ ကပြသီဆိုဖျော်ဖြေမှုများနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့၌ (YBS)ယာဉ်လိုင်းများပြေးဆွဲ
Apr 16,2023
ယနေ့ ၁၃၈၃ ခုနှစ်မဟာသင်္ကြန်အကြတ်နေ့တွင်ရန်ကုန်မြို့တွင်း၌ (YBS)ယာဉ်လိုင်းများပြေးဆွဲလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွတ်ကဲရေးအဖွဲ့ (YRTA)က ယခုနှစ်သင်္ကြန်ကာလ၌ ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများ အဆင်ပြေစေရန် (YBS) ယာဉ်လိုင်းမများဖြင့် ပြေးဆွဲလျက်ရှိရာ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာသွားလာရေး လွယ်ကူအဆင်ပြေပြီး ယာဉ်စီးခမှာလည်း သတ်မှတ်ယာဉ်စီးခနှုန်းထားအတိုင်း ကောက်ခံခဲ့ကြောင်း သိရသည်။
မဟာသင်္ကြန်(အကြတ်နေ့)တွင် ပြည်မြို့ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများဖြင့် အထူးစည်ကား
Apr 16,2023
မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်(အကြတ်နေ့) ဧပြီ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်တို့၌ ရေကစားသူများပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူးတို့က အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု
Apr 16,2023
၁၃၈၄ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ယမန်နေ့(သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် နောင်ယား(ခ)ရပ်ကွက်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကျင်းပနေစဉ် KNPP အဖွဲ့နှင့် PDF  အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်သဖြင့် အခမ်းအနား ကျင်းပရာနေရာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝန်ထမ်းများနှင့်အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တရုတ်နှင့်ရုရှားသံရုံးအပါအဝင် နိုင်ငံခြားသံရုံး ၁၅ ခုမှမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများနှင့် တာဝန်ရှိသူများသံရုံးမိသားစုဝင်များ ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်၌ ပါဝင်ဆင်နွှဲ
Apr 16,2023
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ ဧပြီ၁၅ရက်(ယနေ့)တွင် ကျရောက်သည့် သင်္ကြန်အကြတ်နေ့၌ မြန်မာနိုင်ငံအခြေစိုက် ရုရှားနိုင်ငံသံရုံးအပါအဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံမှမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ သံရုံးမိသားစုဝင်များသည်၊ ရန်ကုန်မြို့ မဟာဗန္ဓုလ လမ်းပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်၌ ပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲခဲ့ကြသည်။
ကျိုက်မရောတွင် ဒေသထွက် ဒူးရင်းသီးများ စတင်ထွက်ရှိနေပြီး သင်္ကြန်ကာလစျေးကောင်းရရှိ
Apr 16,2023
 မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းရွာဒေသထွက် ဒူးရင်းသီးများ စတင်ထွက်ရှိနေပြီး သင်္ကြန်ကာလဖြစ်၍ စျေးကောင်းလည်းရရှိကြောင်း သိရသည်။
ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့ကို ဗဟိုမဏ္ဍပ်၌ အကျနေ့ကထက် ပိုမိုစည်ကားပျော်ရွှင်စွာဆင်နွဲ
Apr 16,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)ကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက ဗန်းမော်မြို့(၂) မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီး ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ တေးသီချင်းများ အပြင် DJ အတီး အကအလှများဖြင့်  မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲလျက် ရှိကြောင်းသိရသည်။