မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကျောင်းလမ်း၌ လမ်းလျှောက်သင်္ကြန်ကျင်းပ

မရမ်းကုန်း ဧပြီ ၁၄

၁၃၈၄ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အကြိုနေ့ဖြစ်သည့် ယမန်နေ့ညနေ (၄) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်ရှိ ပြည်ထောင်စုကျောင်းလမ်း၌ လမ်းလျှောက်သင်္ကြန် ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာလာရောက် ရေကစား ကြပြီး သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့၊ သင်္ကြန်အတတ်နေ့များတွင်လည်း စတုဒိသာကျွေးခြင်းနှင့် ပျော်ရွှင်စွာ ရေကစားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

အေးအေးအောင်(ပြန်/ဆက်)