ပြင်ဦးလွင်မြို့ရှိ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ အန္တရာယ်ကင်း ပရိတ်တရားနာ
Apr 13,2023
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ပြင်ဦးလွင် လမ်းလျှောက်သင်္ကြန်ကို ရပ်ကွက်ကြီး(၆)၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ပတ်လမ်းတစ်လျှောက် ဗဟိုမဏ္ဍပ်မှ စတင်သတ်မှတ်ထားရှိပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ယနေ့ နံနက် (၈) နာရီက အဆိုပါဗဟိုမဏ္ဍပ်၌ အန္တရာယ်ကင်းပရိတ်တရားနာ ကျင်းပပြုလုပ်ခဲ့ကြသည်။