သတင်းများ

တွံတေးမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃)ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက်၈နာရီကအုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းမကြီး၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရမ်းဗြဲမြို့၌ မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် နံ့သာသွေးပြိုင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Apr 13,2023
မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်၊ ခရစ်သက္ကရာဇ်၂၀၂၃ခုနှစ်တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် နံ့သာသွေးပြိုင်ပွဲအခမ်း အနားကို ယနေ့နံနက်(၈)နာရီအချိန်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။
သံတွဲမြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်
Apr 13,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌သင်္ကြန်အကြိုနေ့ ယနေ့နံနက် ၇း၃၀ နာရီအချိန်တွင် လှပျိုဖြူလေးများသည် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်နိုင်ရေးအတွက် နံ့သာသွေးခြင်းတို့ကိုဆောင်ရွက်ကြပြီး
မှော်ဘီမြို့နယ်၌  တူယှဉ်နွှဲပျော် မှော်ဘီသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့သက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို မှော်ဘီမြို့နယ် အမှတ်(၁)ရပ် ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
တမူးမြို့နယ်တွင် နေကြာမျိုးကောင်း မျိုးသန့်ရရှိရေး မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်
Apr 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တမူးခရိုင် မျိုးစေ့ဌာနခွဲ၏ ဆီထွက်သီးနှံ နေကြာမျိုးကောင်း မျိုးသန့်ရရှိရေးအတွက် ရင့်မှည့်ချိန်တွင် မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၈) နာရီအချိန်က တမူးမြို့နယ် ဟဲဇင်းကျေးရွာအုပ်စုရှိ တောင်သူဦး​မောင်ဝင်း၏ ကွင်းအမှတ်၂၅၃ ၊ ဦးပိုင်အမှတ်(၃၇)တွင် စိုက်ပျိုးထားသော ဆင်းရွှေကြာ- ၂ မျိုး ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ကွက်(၁း၀၀) ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Apr 13,2023
ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြခရိုင် မြောင်းမြမြို့၌ ​၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့  မဟာသင်္ကြန်(ဗဟို)မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Apr 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်နှင့်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယခုနှစ်မဟာ သင်္ကြန်ကာလ၌ လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင် တက်ရောက် အမှာစကားပြောကြားကာဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။