ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစား မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ယနေ့ညနေ ၄ နာရီအချိန်က ကျင်းပရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းတက်ရောက် အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာ မဟာ သင်္ကြန်ရေကစားမဏ္ဍပ်အား အမှတ်(၁၄)တပ်ရင်းမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေါက်တာရွှေပြည်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။