ပေါင်မြို့နယ်တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

ပေါင်      ဧပြီ     ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကိုခေတ္တ အမှတ် (၄)လေကျောင်းရန် ကာကွယ်ရေး စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် ဗိုလ်မှူးကြီးဖြိုးဝေထွန်း၊ အမှတ်(၁၀၀၇) လေကျောင်းရန် ကာကွယ်ရေးတပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဟိန်းညီဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးသံမရောင်နှင့် ဦးကျော်လင်းဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မန်းတောင်ရိပ်ခိုသီချင်း၊ သင်္ကြန်မိုးသီချင်းများဖြင့် သံပြိုင်သီဆိုကြပြီး သင်္ကြန်ယိမ်း အကမယ်အဖွဲ့များက ယိမ်းအကအလှများဖြင့် ဖျော်ဖြေကြရာ သင်္ကြန်ချစ်သူများက ဆုများ ချီးမြှင့်ကြပြီး ပေါင်မြို့နယ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ရှေ့၌ ပြည်သူများ၊ ရေပက်ကစား သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)