သထုံမြို၌ လမ်းလျှောက်သင်္ကြန်ပွဲတော် မုခ်ဦးဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Apr 14,2023
မွန်ပြည်နယ်၊ သထုံမြို့တွင် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် လမ်း လျှောက်သင်္ကြန်ပွဲတော် မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (မဟာသင်္ကြန်အကြိုနေ့) မွန်းလွဲပိုင်းက ရွှေစာရံစေတီတော်မြတ်ကြီးအနီးရှိ ပွဲတော်ကျင်းပရာဘုရားလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။