မြန်အောင်ခရိုင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မြန်အောင်  ဧပြီ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က နှစ်သစ်အကြို မင်္ဂလာဆုတောင်းစကားပြောကြားပြီး မြန်အောင်ခရိုင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး​မျိုး​လှိုင်​၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြန်အောင်/ရွှေပြည်သာ ရေနံမြေအထွေထွေမန်နေဂျာ ဦးညွှန်နိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် (၂)ဦးမြင့်နိုင်တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။   

မြန်အောင်ခရိုင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား တွင် "မြူမှောင်ဝေကင်း" သီချင်းဖြင့် သင်္ကြန်ယိမ်းအက လှပျိုဖြူများက ယိမ်းအကဖြင့်ဖျော်ဖြေ တင်ဆက်ကြရာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများက အောင်သပြေနှင့် အတာရေ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင်သင်္ကြန်အတက်နေ့အထိ နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီအထိ၊ ညနေ ၃ နာရီမှ ညနေ ၆ နာရီ အထိ စတိတ်ရှိုးတီးဝိုင်း၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး စတုဒိသာဧည့်ခံကျွေးမွေးခြင်းနှင့် ရေဆော့ကစားရန်လည်း စီစဥ်ထားရှိကြောင်းသိရသည်။

ဝင်း​ဗိုလ်