သတင်းများ

ကျိုက်မရောမြို့မဈေးကြီး၌မြန်မာ နှစ်သစ်ကိုကြိုဆိုရန် အတာသင်္ကြန် ပန်းဝယ်ယူသူများဖြင့် အထူးစည်ကား
Apr 13,2023
မြန်မာလူမျိုးတို၏ ရိုးရာပွဲတော်ကြီး တစ်ခုဖြစ်သော နှစ်ဟောင်းကုန်ဆုံး ၍နှစ်သစ်ကိုကြိုဆိုသော မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော် ကို ကြိုဆိုရန်အတွက် ကျိုက်မရောမြို့ပေါ်ရှိ စျေးများတွင်သကြားမင်းကြီးအားကြိုဆိုရန် ရိုးရာဓလေ့ထုံးတမ်းအရ အတာအိုးဝယ်သူများ၊ အတာပန်းဝယ်သူများ၊ သင်္ကြန်ရက်ကာလအတွင်းအလှူဒါနပြုနိုင်ရန်အတွက် စားသောက်ကုန် ဝယ်သူများ စျေးရောင်း၊ စျေးဝယ်သူများဖြင့် တိုးမပေါက်အောင်ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့ သစ်ကြီးတန်းရပ်ကွက်တွင် အသက်(၇၅)နှစ်အထက် သက်ကြီးအဘိုး၊ အဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြိုနေ့ ဧပြီ(၁၃)ရက်နံနက်(၈)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မင်းရပ်အုပ်စု၊ သစ်ကြီးတန်းရပ်ကွက်တွင် နယ်မြေ(၁၁)နှင့် နယ်မြေ(၁၂)မှ အသက်(၇၅)နှစ်အထက် သက်ကြီးအဘိုး၊အဘွားများအား သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့၌ မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် စတုဒိသာ ကျွေးမွေးလှူဒါန်း
Apr 13,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြည်သူဈေးမိသားစုမှ  ယနေ့နံနက်ပိုင်း၌ ပြည်သူ့ဈေးရှေ့တွင် မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် စတုဒီသာကို စုပေါင်းကျွေးမွေးလှူဒါန်းခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ်၌ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကို အစဥ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ကမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ကျင်းပပြုလုပ်သည်။
သန်လျင်မြို့နယ်မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ
Apr 13,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယနေ့ သင်္ကြန်အကြိုနေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ မဏ္ဍပ်၌ ကျင်းပသည်။
ကျောက်တန်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မင်းကျောင်းလမ်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဒလမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ဒလမြို့ နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
ကော့မှူး၌ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ရေကစားမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။