သတင်းများ

အမ်းခရိုင် အမ်းမြို့၌ အသက်(၈၅)နှင့်အထက်ဘိုးဘွားများအားသက်ကြီးပူဇော်ပွဲကျင်းပ
Apr 17,2023
 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အသက်(၈၅)နှစ် အထက်ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် (၉)နာရီအချိန် ရွှေအမ်းတောင်ခန်းမ၌ ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 17,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ မင်္ဂလာရှိသည့် နှစ်သစ်ကူးပြောင်းသည့် ရက်မြတ်အခါတွင် မြန်မာ့ယဥ်ကျေးမှုအစဥ်အလာနှင့်အညီ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမတွင်ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၅ ခုနှစ် ၊ မြန်မာနှစ်ဆန်း(၁)ရက် ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်
Apr 17,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ်၊  မြန်မာနှစ်ဆန်း(၁)ရက် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် ၇ နာရီက ထားဝယ်မြို့၊ ဒေါင်းငူ/တံငါရပ်ကွက်၊ ဆိပ်ကမ်းသာဘောတံတား၌ ကျင်းပသည်။
မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကံမမြို့နယ်၌ ပြုလုပ်
Apr 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့နံနက်(၉)နာရီအချိန် ကံမမြို့၊    အမှတ်(၃)ရပ်ကွက် မဒေးဝရပ်၌ ဇီဝိတဒါနငါးလွှတ်ပွဲကို ပြုလုပ်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်များ လွှတ်ပေးခဲ့ကြသည်။
ကသာမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ(၂၆)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ
Apr 17,2023
နှစ်သစ်ကူးအခါသမယ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့နံနက်(၉)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ကသာမြို့အကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ  (၂၆) ဦး လွတ်မြောက်ခဲ့သည်။
မြိတ်မြို့တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပြီး သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့၍ ကျန်းမာရေးစစ်ဆေးပေး
Apr 17,2023
၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်မင်္ဂလာအချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံး၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နှစ်သစ်ကူး ဇီဝိတဒါနစုပေါင်းငါးလွှတ်ခြင်းနှင့် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပြီး ကျန်းမာရေးစစ်ဆေးပေးကာ လက်သည်းခြေသည်းညှပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။
၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့ ပေါက်ခေါင်းမြို့နယ်၌ ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲ ကျင်းပ
Apr 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင် ဦးဆောင်၍ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့နံနက်ပိုင်းက တောင်နဝင်း‌ရေ
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ကျောက်မဲမြို့၌ ၂၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ
Apr 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ မြို့ကျက်သရေဆောင် ခန်းမ အတွင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က  ၂၃ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။