သာစည် ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် “ရွှေသာစည်” ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက သာစည်မြို့စည်ပင်သာယာပန်းခြံရှေ့မိတ္ထီလာ-တောင်ကြီးကားလမ်းဘေးရှိအဆိုပါမဏ္ဍပ်၌ စည်ကားသိုက်မြိုစွာကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဗိုလ်မှူးတေဇာမြင့်၊ ဦးစိုးဝင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကျော်လွင်နှင့်အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသွင်ဦးတို့က “ရွှေသာစည်” ဗဟိုမဏ္ဍအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ယိမ်းအက
အဖွဲ့များက“မြူမှောင်ဝေကင်း” သီချင်းဖြင့် ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယိမ်းအဖွဲ့များနှင့် ဧည့်သည်တော်များကိုခင်မင်ရင်းနှီးစွာဖြင့်အတာရေပက်ဖျန်းကြောင်း သိရသည်။
“ရွှေသာစည်” ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကျနေ့၊ အကြတ်နေ့နှင့်အတက်နေ့များတွင် စတုဒီသာကျွေးခြင်း၊ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ တီးဝိုင်းအဖွဲ့က တေးသီချင်းများဖြင့် ဖျော်ဖြေကာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)