သာယာဝတီ ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၅ နာရီက သာယာဝတီမြို့ လွတ်လပ်ရေးကျောက်တိုင်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာမိသားစုများနှင့်ယိမ်းအဖွဲ့များတက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးစန်းဝင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း၊ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီးတင်ကိုကို၊ အဖွဲ့ဝင်-၂ ဦးမြင့်သူ၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ဥာဏ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးကြည်မျိုးလွင်တို့က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်န်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ယိမ်းအဖွဲ့များနှင့်ပြည်သူ(၁၅၀၀)ခန်တို့အား အောင်သပြေခက်ဖြင့် အတာရေပတ်ဖျန်း၍သင်္ကြန်ပွဲတော်ကိုဆင်နွှဲခဲ့ကြပြီး ယိမ်းအဖွဲ့သမီးပျိုများက "မန်းတောင်ရိပ်ခို" အတာသင်္ကြန်တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက အတာရေသင်္ကြန်ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်တက်)