ရေတာရှည် ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက် မင်္ဂလာကန်တော်ကန်ပတ်လမ်းရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦး ဥက္ကာသန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဦးသန့်ဇင်ဝေ၊ မြို့နယ်ရဲမှူးဌေးဝင်းအောင်နှင့် အကဲဖြတ်ဒိုင်လူကြီး ဦးတင်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် ယိမ်းအဖွဲ့များမှ မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် လမ်းလျှောက်သင်္ကြန်မုခ်ဦးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဦးသန့်ဇင်ဝေ၊ မြို့နယ်ရဲမှူးဌေးဝင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အာဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးမင်းညီညီထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ယိမ်းအဖွဲ့များမှ သင်္ကြန်ယိမ်းအကများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ပြီး လာရောက်ဆင်နွှဲကြသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ရွှေရင်အေးစတုဒိသာ ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)