မိုးညှင်းမြို့တွင် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား စည်ကား သိုက်မြိုက်စွာကျင်းပ

မိုးညှင်း ဧပြီ  ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ မဟာအတာ သင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီက စည်ကားသိုက် မြိုက်စွာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားအား မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုး ၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဦးနိုင်ဦးကျော်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစောဝင်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ယိမ်းအကအဖွဲ့မှ မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် စုပေါင်းက ပြဖျော်ဖြေကြပြီး တိုက်နယ်မှူးနှင့် တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးကာ အ‌မွှေးနံ့ သာရေများဖြင့် ပတ်ဖြန်းပေးကာ ယမ်းအဖွဲ့များမှ ယိမ်းအကအလှများဖြင့် ဆက်လက်ဧည့်ခံ ဖျော်ဖြေ ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း