သတင်းများ

ငပုတောမြို့၌  ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က  ငပုတောမြို့တောင်ပိုင်းရပ်ကွက် ယုဇနလမ်းမကြီးရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးဒေါ်နီလာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
မြောက်ဦးမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ ကျင်းပ
Apr 13,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် ရခိုင်ရိုးရာနံ့သာ သွေးပြိုင်ပွဲကိုယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ် ရပ်ကွက်အလိုက် နံ့သာသွေးပြိုင်ပွဲကျင်းပပြုလုပ်လျက်ရှိသည်။
ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၏ (၂၇)ကြိမ်မြောက် ရဟန်းခံ၊ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ကျင်းပ
Apr 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါက်တာဒေါ်အေးခိုင်ညွန့် တို့အား အမှူးထားလျှက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းနှင့်ဇနီး ဒေါ်သက်နွေဦးတို့မှကြီးမှူး၍  ပမ္မဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊စစ်သည်၊မိသားစုများ၏ ရဟန်းခံ၊ရှင်ပြု၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာအခမ်း အနားကို ယမန်နေ့ ညနေ (၁၄း၀၀)နာရီအချိန်မှစ၍ အမှတ်(၃) ရပ်ကွက်၊ စံထူးစံပြ ပဓာနိကာရာမကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် သင်္ကြန်တွင်း ရဟန်းခံရှင်ပြုပွဲများကို ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီး၌ ကျင်းပ
Apr 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် သင်္ကြန်ကာလအတွင်း ရဟန်းခံရှင်ပြုပွဲများကို ဘုန်းတော်ကြီးကျောင်းတိုက်များ၌ ပြုလုပ်လျက်ရှိသည်။
ကျောက်ဆည်မြို့၌ မဟာသင်္ကြန်ကာလအကြိုနေ့ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလစောင့်ထိန်းသူများနှင့်စည်ကား
Apr 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာဘုန်းတော်ကြီး ကျောင်းများတွင် မဟာသင်္ကြန်ကာလအကြိုနေ့၌ စတုဒိသာကျွေးမွေး၍ ကုသိုလ်ယူသူများ၊ ဥပုသ်သီလ စောင့်ထိန်းသူများနှင့်စည်ကားလျက်ရှိရာ ယနေ့နက်(၈)နာရီခွဲက ပြည်လုံးနိုင်ရပ်ကွက်၊ သရက်ခြံဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၏ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပိန်းဆန်းရပ်ကွက်၊ စည်ပင်သာယာရေးဝင်း၊ ဗဟိုသင်္ကြန် မဏ္ဍပ်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပပြုလုပ်
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃) ခုနှစ် မြန်မာ့ရိုးရာ အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီကမြို့မရပ်ကွက်၊ပဲခူး-ရန်ကုန်လမ်းမကြီးပေါ်၌ ကျင်းပကြောင်းသိရသည်။
သံတောင်ကြီးမြို့တွင်ဘွယ်ဟီခို-နော်ဘူဘောဆုတောင်းတောင်၏ (၂၈)နှစ်မြောက် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားပြုလုပ်
Apr 13,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ဘွယ်ဟီခို-နော်ဘူဘောတောင်းတောင်၏(၂၈)နှစ်မြောက် ကျေးဇူးတော်ချီးမွမ်းဝတ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က နော်ဘူဘောဆုတောင်းတောင်ထိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။