သတင်းများ

ဖြူးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာင်္ကြန်ပွဲတော် အကြိုနေ့ဖွင့်လှစ်
Apr 13,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၁၃၈၄-ခုနှစ်(၂၀၂၃-ခုနှစ်)မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့ကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ ပဲခူးလမ်းမကြီးဘေး ဗိုလ်ချုပ်လမ်းထိပ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင်  ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် သင်္ကြန်မောင်မယ် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ၁၃၈၄ ခုနှစ် ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက စျေးကြီးအနောက်ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ သင်္ကြန်မောင်မယ်ရေကစားမဏ္ဍပ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် “စမ်းရေအေး” မြို့နယ်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်တွင် ကျရောက်မည့် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်  မြို့နယ် “စမ်းရေအေး“ ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က စမ်းချောင်းမြို့နယ် မြေနီကုန်း(တောင်)ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ အမှတ်(၂၄)၊ စမ်းချောင်းမြို့မရဲစခန်းဘေးဝန်းအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်တွင်သင်္ကြန်အကြို​နေ့ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင် တွင် ၁၃၈၄ ခုနှစ်၊မြန်မာ့ရိုးရာနှစ်သစ်ကူးလမ်း လျှောက်သင်္ကြန်ပွဲတော်နှင့် ROYAL APEX ဗဟိုမဏ္ဌပ် ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရှူးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းရှူးမြို့ ဟံသာမုနိဘုရားကြီးရှေ့ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ပြည်မြို့တွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် အတာရေသဘင် ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ
Apr 13,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ အတာရေသဘင်ပွဲတော်နှင့်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်အဝိုင်းအနီး ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်မုခ်ဦးရှေ့တို့၌ ကျင်းပရာဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက်နှင့်ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်သည်။
ဘူးသီးတောင်မြို့၌မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမိသားစု (၁၁)ကြိမ်မြောက်ဘုရား ရေသပ္ပာယ်ရေး နံ့သာသွေးပွဲကျင်းပ
Apr 13,2023
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဦးဆောင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု(၁၁)ကြိမ်မြောက် ဘုရားရေသပ္ပာယ်ရေး နံ့သာသွေးပွဲကိုယမနေ့ည၈နာရီနာရီ အချိန်ကမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မဟာသင်္ကြန်အကြို‌နေ့ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများတွင် ဥပုသ်သီလခံယူ
Apr 13,2023
 ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘုရားကျောင်း ကန်နှင့် ဓမ္မာရုံများ၌  မဟာသင်္ကြန်နှစ်ကူးကာလ အကြိုနေ့ နံနက်ပိုင်းအချိန်မှစ၍ ပြည်သူများ အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ် လျက်ရှိကြောင်းသိရသည်။