သတင်းများ

ကွမ်းလုံမြို့၌ သံလွင်တံတား(ကွမ်းလုံ) တံတားဆက်ခြင်းအခမ်းအနားကျင်းပ
Apr 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Grant AID အကူအညီဖြင့် တည်ဆောက်လျှက်ရှိသော သံလွင်တံတား(ကွမ်းလုံ) တံတားဆက်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က အဆိုပါတံတားပေါ်၌ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချမ်းမြို့ ပြည်သူ့အစိုးရမှ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ယဉ်ဝင်ကျန်း နှင့် တာဝန်ရှိသူများ၊ Yunnan Sunny Road & Bridge Co, ltd.မှ ကုမ္မဏီဉက္ကဋ္ဌ ရွှင်ကျားကျိန်းနှင့် တာဝန်ရှိသူများ၊ ကွမ်းလုံမြို့တွင်နေထိုင်သည့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ ကြသည်။
တံတားဦးမြို့၌ ရောင်းချလျက်ရှိသည့် ဆေးဆိုင်များ၊ အလှကုန်ဆိုင်များအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး
Apr 13,2023
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ရောင်းချလျက်ရှိသည့် ဆေးဆိုင်များ၊ အလှကုန်ဆိုင်များအား မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့များက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
တောင်ကုတ်မြို့၌ ဆဌမအကြိမ်မြောက် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကျင်းပ
Apr 13,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ဆဌမအကြိမ်မြောက် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို မြို့မကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရင်ပြင်၌ ယနေ့ညနေ(၅)နာရီအချိန်က ကျင်းပခဲ့ ‌ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကျင်းပရန် အစမ်းလေ့ကျင့်ဆောင်ရွက်နေမှုနှင့် လမ်းလျှောက်သင်္ကြန်  ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး
Apr 13,2023
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ပြင်ဦးလွင်မြို့ရှိ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသူပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်အတွက် ပြင်ဦးလွင် လမ်းလျှောက်သင်္ကြန်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်လမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်အနီးမှစတင် သတ်မှတ်ထားရှိပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပကာ စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။ 
မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Apr 13,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် ၁ နာရီအချိန်က အသေးစားစက်မှုလက်မှုလုပ်ငန်းအကြောင်း သိကောင်းစရာ (ကြာဆန်မရွေး လုပ်ငန်း ရှင်တစ်ဦးနှင့်တွေ့ဆုံခြင်း) အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖုန်းဆရာတော်ကြီး မိုးညှင်းမြို့ထီးလင်းကျောင်းတိုက်ရင်ပြင်၌ တရား‌ဒေသနာ‌တော်များ ဟောကြားတော်မူ
Apr 13,2023
မိုင်းဖုန်းဆရာတော်ကြီးသည် သင်္ကြန်ကာလဓမ္မဒူတခရီးစဥ်အဖြစ် ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ထီးလင်းကျောင်းတိုက်သို့ ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ကြွရောက်တော်မူကြောင်း သိရသည်။ ‌
နွေရာသီအခြေခံ ပန်းချီ၊ ကာတွန်း၊ ပိုစတာ သင်တန်းဆင်းပွဲကျင်းပပြုလုပ်
Apr 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီအခြေခံ ပန်းချီ၊ ကာတွန်း၊ ပိုစတာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည့် အစီအစဉ်များအား ကြည့်ရှုစစ်ဆေး
Apr 13,2023
၁၃၈၄ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ခမ်းခမ်းနားနားဖြင့် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်စီမံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။