ရွှေတောင် ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်နှင့်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှုတ်ခွန်းဆက်မိန့်ခွန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ပြောကြားပြီး ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးနိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကျော်လွင်၊ မြို့နယ်လဝကဦးစီးမှူး ဦးသန်းထူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ယိမ်းအဖွဲ့များက "မြူမှောင်ဝေကင်း" သီချင်းဖြင့်ကပြဖျော်ဖြေခဲ့ကြသည်။ ရွှေတောင်မြို့နယ် ဗဟိုမဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ရပ်မိရပ်ဖများက တက်ရောက်လာသူများနှင့်ယိမ်းအဖွဲ့များအားအား အမွှေးနံ့သာရေများပက်ဖြန်း၍နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)