မှော်ဘီမြို့နယ်၌  တူယှဉ်နွှဲပျော် မှော်ဘီသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

မှော်ဘီ   ဧပြီ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့သက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို မှော်ဘီမြို့နယ် အမှတ်(၁)ရပ် ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မှော်ဘီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ မှော်ဘီခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးထင်ကျော်၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၃) ဒေါ်ဥမ္မာညွန့်၊မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးငွေတင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးဝင်းစိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်အောင်တို့အား မင်္ဂလာစံပယ်ပန်းကုံးများ အသီးသီးချီးမြှင့်ကာ ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး မြူမှောင်ဝေကင်း တေးသီချင်းဖြင့် ယိမ်းပျိုမေများမှ ကပြခြင်းနှင့် အတာရေများပတ်ဖြန်းခြင်း၍  ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ တူယှဉ်နွှဲပျော် မှော်ဘီသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် အားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)