မြောင်းမြမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မြောင်းမြ  ဧပြီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြခရိုင် မြောင်းမြမြို့၌ ​၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့  မဟာသင်္ကြန်(ဗဟို)မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မဟာသင်္ကြန်ပွဲတော် (အကြိုနေ့) ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ္ ဦးစန်းဌေးက မဟာသကြင်္န်ပွဲတော် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ​ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့အတူ မြောင်းမြမြို့ ဗိုလ်ချုပ်ရင်ပြင်ရှေ့ မြို့နယ်မဏ္ဍပ်တွင်လည်း မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက မဟာသကြင်္န်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။ ဖွင့်ပွဲအခမ်းအနားများတွင် လှပျိုဖြူများကယိမ်းအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

မြောင်းမြမြို့တွင် ခရိုင်မဟာသင်္ကြန်မဏ္ဍပ်(ဗဟို)နှင့် မြို့နယ်မဟာသင်္ကြန်မဏ္ဍပ် ပြုလုပ်ထားပြီးအကြိုနေ့မှစ၍ အတက်နေ့အထိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယိမ်းအကများ၊ ယိမ်းပြိုင်ပွဲ များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒီသာအလှူများ၊ လမ်းလျောက်သင်္ကြန်များဖြင့် စည်ကားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မဟာသင်္ကြန်အတက်နေ့တွင် ဆုရရှိသည့် ယိမ်းအဖွဲ့များကို ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုတို့နှင့် နှစ်သိမ့်ဆုများကို ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့ (၁၂)ဖွဲ့ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)