တွံတေးမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

တွံတေး ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃)ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက်၈နာရီကအုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းမကြီး၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးမျိုးသက်၊အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမျိုးသန့်၊ တွံတေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊အဖွဲ့ဝင်(၁)ဗိုလ်မှူးသုတအောင်တို့က ဗဟိုရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ​ဖွင့်လှစ်ပေးခဲ့ပြီး တေးသံရှင်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြဖျော်ဖြေမှုနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အမွှေးနံသာရည်အတာရေစင်သွန်းဖြန်း၍ မြန်မာ့နှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကတက်ရောက်လာသူများအား အတာရေဖြင့်ပက်ဖြန်းပေးကာ သင်္ကြန်ယိမ်းအဖွဲ့များက ကပြဖျော်ဖြေကြကြောင်း သိရသည်။

ထို့အပြင် သင်္ကြန်အကျနေ့ နံနက်ပိုင်း၊ညနေပိုင်းမှ စတင်၍ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအဖွဲ့(၈)ဖွဲ့နှင့်တပင်တိုင်အကအလှများ၊တေးဂီတတို့ဖြင့် ကိုယ်ပိုင်သံဇဉ်/စာသားအကများ၊ စီဒီသီချင်းများဖြင့်အကများနှင့် နာမည်ကြီးအနုပညာရှင်များဖြင့် ကျင်းပပြုသွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား