ရမ်းဗြဲမြို့၌ မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် နံ့သာသွေးပြိုင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရမ်းဗြဲ  ဧပြီ  ၁၃

မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်၊ ခရစ်သက္ကရာဇ်၂၀၂၃ခုနှစ်တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် နံ့သာသွေးပြိုင်ပွဲအခမ်း အနားကို ယနေ့နံနက်(၈)နာရီအချိန်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။

အဆိုပါ မဟာသင်္ကြန်ပွဲတော်နံ့သာ သွေးပြိုင်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မဟာသင်္ကြန်ပွဲတော် ဦးစီးကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ ရပ်ကွက်(၆)ခုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများမြို့ပေါ်ရှိ ပြည်သူများနှင့် ယိမ်းအကအဖွဲ့များ တက်ရောက်ကြသည်။

ရှေ့ဦးစွာ ရပ်ကွက်(၆)ရပ်ကွက်မှ နံ့သာသွေးပြိုင်ပွဲဝင်အသင်းသားများအားမ ဟာသင်္ကြန်ပွဲတော် နံ့သာသွေးပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအားဆက်လက်ကျင်းပကြသည်။ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၃)ရပ်ကွက်အသင်း၊ ဒုတိယ ဆုရရှိသည့် အမှတ် (၁) ရပ်ကွက်အသင်းနှင့်တတိရဆုရရှိသည့် အမှတ်(၃) အသင်းတို့အား မဟာသင်္ကြန်ပွဲတော် ဦးစီးကျင်းပရေးကော် မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှဆုများချီးမြှင့်ကြပြီး နံ့သာသွေးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)