ကျောက်တန်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်တန်း ဧပြီ ၁၃ 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မင်းကျောင်းလမ်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ဧည့်သည်တော်များမှ နေရာယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးရာ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ယိမ်းအလှကပြဖျော်ဖြေကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယိမ်းအကအဖွဲ့များနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ပျော်ရွှင်စွာအတာရေပက်ဖျန်း၍ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ မြို့နယ်ဗဟိုမဏ္ဍပ်၌ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတသီဆိုဖျော်ဖြေမှုများ၊ DJ တေးဂီတ ဖျော်ဖြေမှုများအပြင်၊ စတုဒီသာမုန့်များ နေ့စဉ်ကျွေးမွေးလှူဒါန်းဧည့်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်