ကော့မှူး ဧပြီ ၁၃
၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ရေကစားမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁)နည်းဗျူဟာမှူးကြီး ဗိုလ်မှူးကြီးမင်းဇော်၊ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီးတာဝန်ရှိသူများက သင်္ကြန်ယိမ်းအဖွဲ့များအား အတာရေပက်ဖြန်းပေးခဲ့ရာ ယိမ်းအဖွဲ့များက ဖျော်ဖြေခဲ့ကြသည်။
ကော့မှူးမြို့နယ်ရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များနှင်တေးသံရှင်များက တေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မြို့နယ်ဗဟိုမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားကြသူများ ရေပက်ခံကားများ၊ လမ်းလျှောက်ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများအေးချမ်းပျော်ရွှင်စွာ မဟာသင်္ကြန်ပွဲတော်ဆင်နွှဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍာအလိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)