သံဖြူဇရပ်မြို့နယ်၌ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ်  ဧပြီ  ၁၃

မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကို အစဥ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ကမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ကျင်းပပြုလုပ်သည်။

အခမ်းအနာကိုရှေ့ဦးစွာ နမောတသ(၃)ကြိမ်ရွတ် ဆို၍အခမ်းအနားဖွင့်လှစ်ပြီး အပူဇော်ခံသက် ကြီးဘိုး/ဘွားများအား ပူးဇော်ကန်တော့ပြီး၊ ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသည့် သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များမှ မြို့နယ်အတွင်းအသက်(၉၀)နှစ် အထက်အဘိုး(၉၅)ဦး၊ အဘွား(၂၁၅)ဦး စုစုပေါင်း ဘိုး/ဘွား(၃၁၀)ဦးအားတစ်ဦးလျှင် အလှူငွေကျပ် (၃၀၀၀၀)နှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီးအခမ်းအနားသို့မတက်ရောက်နိုင်သည့်ဘိုး/ဘွားများ အားအိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)