သန်လျင် ဧပြီ ၁၃
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယနေ့ သင်္ကြန်အကြိုနေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ မဏ္ဍပ်၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ်မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က အမှာစကား ပြောကြားပြီးနောက် အဖွဲ့ဝင်(၁)ဗိုလ်မှူးချစ်ညီညီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ မြို့နယ်အခွန်ဦးစီးမှူး ဦးအောင်ကျော်ဇောနှင့် မြို့မိမြို့ဖ ဦးမြင့်ဝင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဧည့်သည်တော်များက မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီသပြေခက်ဖြင့် ရေပက်ဖြန်းပေးကြပြီး အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များကမြူမှောင်ဝေကင်း သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
သန်လျင်မြို့နယ်၏ (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကို ယနေ့သင်္ကြန် အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ လှပျိုဖြူများရဲ့ယိမ်းအကများ၊ နိုင်ငံကျော်ဂီတအနုပညာရှင်များရဲ့ သီဆိုဖျော်ဖြေမှု စတုဒိသာကျွေးမွေးလှူဒါန်းမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)