ဟိုပုံး ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲများကို တစ်မျိုးသားလုံး၊ ကျန်းမာကြံ့ခိုင်စေရေးအတွက် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အမျိုးသားအားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပြည်သူတစ်ရပ်လုံး လှုပ်ရှားပါဝင်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ(ပဉ္စမအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီးရှေ့မှ စတင်၍ ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမှတဆင့် ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ကျောက်တိုင်ကွင်းအထိ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းလမ်းလျှောက်ပွဲဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို တပျော်တပါး ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)