တီးတိန် ဒီဇင်ဘာ ၃၀
ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးထောက်ပံ့မှုဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက တီးတိန်မြို့ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။
ထိုသို့ အငြိမ်းစားဝန်ထမ်းများကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးထောက်ပံ့မှုဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွံ့ဥက္ကဋ္ဌဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်ကာထောက်ပံ့ငွေများ ပေးအပ်သည်။
အငြိမ်းစားဝန်ထမ်းများအား ဆေးရုံအုပ်ဒေါက်တာဝင်းဖြိုးဟန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)