ဒဂုံမြောက် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီက ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေး၏ တန်ဖိုးနှင့် ရရှိပြီးသောလွတ်လပ်ရေးကို လူငယ်များတန်ဖိုးထားတတ်စေရန်နှင့် အလေးထားထိန်းသိမ်းကြစေရန်၊ မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်များအား အမြဲအမှတ်ရတန်ဖိုးထားတတ်စေရန်နှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောခဲ့သည်။
ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လွတ်လပ်ရေးနေ့အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအသိပညာပေးဆိုင်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအားပြသပေးခဲ့ပြီး ၎င်းပြသထားသည့် နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့်(၇၆ )နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ