သတင်းများ

ကျိုက်လတ်၌ (၇၉) ကြိမ်မြောက် မဟာဒုက် ဘုရားပွဲတော်ကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၈ ဖြတ်လမ်းရှိ ညောင်ငူ ပရိယတ္တိ စာသင်တိုက်အတွင်းတွင် (၇၉)ကြိမ်မြောက် မဟာဒုက်ဘုရားကို တစ်နှစ်တာ ပင့်ဆောင်၍ အပူဇော် ခံခွင့်ရရှိမည့် ဘုရားဒါယကာ၊ ဒါယိကာမ ရွေးချယ်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက စတင် ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်တွင် (၇၄)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ကျက်သရေဆောင် ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ဒီဇင်ဘာ (၂၇) ရက် နေ့လယ် (၁)နာရီအချိန်၌ (၇၄)ကြိမ် မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
မိုးကောင်းဒေသစိတ် အခြေခံပညာမူလတန်းအဆင့် အသက်(၁၃)နှစ်အောက် ကျောင်းသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Dec 29,2023
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မိုးကောင်းဒေသစိတ် အခြေခံပညာမူလတန်းအဆင့် အသက် (၁၃)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ(၂၇)ရက် နေ့လယ်(၂)နာရီတွင် ဖွင့်ပွဲ ကျင်းပခဲ့သည်။
အရာတော်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆန်၊ ဆီများ ထောက်ပံ့
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အရာတော်မြို့နယ်၌ မြန်မာ့စီပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူကြသည့် နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားများကို ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီကစ၍ ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ နေ့စဥ် စားသောက်​နေထိုင်​ရေး အ​ထောက်အကူပြု​စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆန်နှင့်ဆီများကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်အရှေ့တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
မုံရွာမြို့၌ လူငယ်စွန့်ဦးပညာရှင်းများအဖွဲ့ (YSI)မှ ဦးဆောင်၍ တောင်သူနည်းပညာပေး စွမ်းဆောင်ရည် မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ
Dec 29,2023
ဒေသအလိုက် တောင်သူလိုအပ်ချက်များ သိရှိနိုင်ရန်နှင့် စံပြကွက်၊ စမ်းသပ်ကွက်များ၊  လက်တွေ့ အသုံးချသုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ လူငယ်/လူလတ်ပိုင်း မျိုးဆက်သစ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ ဌာန၏အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် လူငယ်စွန့်ဦးပညာရှင်းများအဖွဲ့ (YSI) မှ ဦးဆောင်၍ တောင်သူနည်းပညာပေး စွမ်းဆောင်ရည် မြှင့်တင်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး မြေ၊မျိုး၊ ပိုး ဓါတ်ခွဲခန်းရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 
လပွတ္တာမြို့နယ်၌ကျေးရွာခြင်းဆက် ကွန်ကရစ်လမ်း အချိန်မှီပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ(ငွေလုံးငွေရင်း) ကျေးလက်လမ်းဖွံ့ဖြိုး‌ရေး ဦးစီးဌာနရန်ပုံငွေဖြင့် ကျော်ထွန်းအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့်ပျဥ်ထောင်တွင်း၊ ဥက္ကံ၊ ကပြိုကွန်ကရစ်လမ်းခြင်း လုပ်ငန်းအား‌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊
လပွတ္တာမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများ ဇီဝလုံခြုံမှုသင်တန်းဖွင့်လှစ်
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကညှင်ကုန်းကျေးရွာအုပ်စု၊ မလေးကြီးကုန်းကျေးရွာတွင် ကျွဲ၊ နွားများအား ဇီဝလုံခြုံမှု သင်တန်းဖွင့်လှစ်ခြင်းကို ယ​မန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။