မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနိုင်ခဲ့

မင်းလှ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေး ငွေများကိုထုတ်‌ချေးပေးလျက်ရှိရာ ယနေ့ထိ (၂,၆၁၉,၃၀၀,၀၀၀)ကျပ်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာဦးအောင်မြတ်မိုးနှင့်ဝန်ထမ်းများက ဆောင်းသီးနှံစပါးစိုက်တောင်သူများအား စိုက်ပျိုး‌စရိတ်ချေးငွေများကို အောက်တိုဘာလအတွင်းမှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စုပေါင်း(၅၂)အုပ်စုမှ လူဦးရေ(၃၇၈၃)ဦး၏ လယ်မြေ(၂၆၁၉၃)ဧကအတွက် တစ်ဧကလျှင်တစ်သိန်းနှုန်းဖြင့် ဆောင်းသီးနှံစိုက် ပျိုးစရိတ်ချေးငွေ(၂,၆၁၉,၃၀၀,၀၀၀)ကျပ်အား အဆင်ပြေချောမွေ့စွာထုတ်ချေးပေးနိုင်ခဲ့သည်။

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု(၅၄)အုပ်စုမှ ဧကပေါင်း(၃၃,၃၀၀) ဧကအတွက် ၂၀၂၃ ခုနှစ်၊ ဆောင်းသီနှံစိုက်ပျိုးစရိတ်ချေးငွေပေါင်း (၃၃,၃၀၀,၀၀၀)ကျပ်အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ အပြီးသတ်ထုတ်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ သိရသည်။

ပေါက်စ (မင်းလှ)