(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး‌ ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ရေဦး ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြာက် လွတ်လပ်ရေနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း  အင်ကြင်းဆောင်တွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက အမျိုးသားရေးစိတ်ဓာတ်၊ ဇာတိသွေး ဇာတိမာန် ထက်သန်မှု၊ သူ့ကျွန်မခံလိုသောစိတ်ဖြင့် လွတ်လပ်ရေး ရရှိ‌အောင် ကြိုးစားခဲ့ပုံနှင့် လွတ်လပ်ရေးနေ့အောင်ပွဲများ ကျင်းပပေးခဲ့ပုံများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ကလေးအလုပ်သမား ပပျောက်ရေးနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်နှင့် အမှတ်တရစကားများ ပါ၀င်‌သော အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိမှုကို စိတ်၀င်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

သန်းသန်း (ရေဦး)