ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသောဆန်အိတ်များကို ရသေ့တောင်မြို့ သံဃာ‌တော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်း

ရသေ့တောင် ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသောဆန်အိတ်များကို ရသေ့တောင်မြို့ရှိ ဆရာတော်အရှင်သူမြတ်များအား လှူဒါန်းပွဲကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက ရသေ့တောင်မြို့ပေါ်ရှိ စာသင်တိုက်(၁)တိုက်၊ ဘုန်းတော်ကြီးကျောင်း(၃၅)ကျောင်း၊ သီလရှင်ကျောင်း(၄)ကျောင်းတို့အတွက် ဆန်အိတ်များကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး စာသင်တိုက်(၁)တိုက်လျှင် ဆန်(၃) အိတ်၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတစ်ကျောင်းလျှင် ဆန်(၁)အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ်(၄၂)အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ရသေ့တောင်(ပြန်/ဆက်)