မော်လိုက် ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်များ တိုးတက်မြှင့်မား၍ အသိပညာများ၊ ဗဟုသုတများတိုးပွားလာစေရန်နှင့်လွတ်လပ်လပ်ရေးနေ့ သမိုင်းကြောင်းများကို မမေ့လျော့ကြစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးပြီး ပညာရေးဌာနှင့်ပူးပေါင်းကျင်းပသော စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ပြန်/ဆက်ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇေယျာဝင်းက ပြိုင်ပွဲများ၏ စည်းမျဉ်းကမ်းများကိုရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူ(၁၂)ဦးတို့က “လွတ်လပ်ရေးနေ့ဒိုမမေ့” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်လည်းကောင်း၊ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၂၅)ဦးတို့ကလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အကဲဖြတ်ဒိုင်များက အမှတ်ပေးခဲ့ကြကာ ပထမ၊ ဒုတိယ၊ တတိယဆုများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
၎င်းနောက် ကျောင်းသား/ကျောင်းသူများက ပြန်/ဆက်ဦးစီးဌာနမှ “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်”နှင့် “မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး” ၊ “အသေးစားအငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ MSME ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု” အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)