မိတ္ထီလာ ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်စာစကားပြောစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်စာစကားပြောစွမ်းရည် ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြာခဲ့သည်။ ၎င်းနောက် အင်္ဂလိပ်စာစကားပြောစွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် အင်္ဂလိပ်စာစကားပြောစွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)