(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၃၀     

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကိုနေ့နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီး အမျိုးသား မီနီမာရသွန်ပြိုင်အား ပဲခူးမြို့အဝင်တိုးဂိတ်မှ ဟံသာဝတီ ဘောလုံးကွင်းအထိလည်းကောင်း၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား ပဲခူးမြို့ရှောင်လမ်းဆုံ၊ ဘုရင့်နောင်ရုပ်ထုမှ ဟံသာဝတီဘောလုံးကွင်းအထိ လည်းကောင်း အမျိုးသား (၆၁၇)ဦး၊ အမျိုးသမီး (၃၉၃)ဦး၊ စုစုပေါင်း (၁၁၁၀)ဦး ပါဝင်ယှဥ်ပြိုင်ပြေးကြသည်။

ပြိုင်ပွဲဝင် အပြေးသမားများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများက ပန်းကုံးစွပ်၍ ကြိုဆိုကြပြီး အပြေးလမ်းကြောင်း တစ်လျှောက် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက လက်ခုပ်တီး၍ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် (ကျား၊မ) အသက်အငယ်ဆုံးဆု၊ အသက်အကြီးဆုံးဆုနှင့် ပန်းဝင်သူ အမှတ်စဥ် ()မှ (၂၀)အထိ (ကျား/) (၃၄)ဦးတို့အား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး တတိယရရှိသူ (အမျိုးသား၊ အမျိုးသမီး)တို့အား  တစ်ဦးလျှင် ဆုငွေကျပ် ()သိန်းစီ၊ ဒုတိယရရှိသူ (အမျိုးသား၊ အမျိုးသမီး)တို့အား တစ်ဦးလျှင် ဆုငွေကျပ် ()သိန်းစီနှင့်၊ ပထမရရှိသူ (အမျိုးသား၊ အမျိုးသမီး)တို့အား တစ်ဦးလျှင်ဆုငွေကျပ် (၁၀)သိန်းစီ တို့ကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပါဝင်ယှဥ်ပြိုင်သူအပြေးသမားအား ဆိုင်ကယ်()စီး၊ စက်ဘီးအစီး (၂၀)နှင့် လူသုံးကုန်ပစ္စည်း (၁၄၇)မျိုး၊ စုစုပေါင်းတန်ဖိုးငွေ (၁၈၃)သိန်းအား ကံစမ်းမဲများ ဖောက်ပေးပြီး ကံစမ်းမဲပေါက်သူများကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ပဲခူးမြို့၌ မီနီမာရသွန်ပြိုင်ပွဲအပါအဝင် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘောစသည့် အားကစားနည်း ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)