မကွေး ဒီဇင်ဘာ ၃၀
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ရဲကျောင်း) ရှေ့၌ကျင်းပရာ စုပေါင်းလမ်း လျှောက်ပွဲသို့ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလံအချက်ပြ၍ လမ်းလျှောက်ပွဲကို ဖွင့်လှစ်ပေးပြီး စတင်ကာ အခြေခံပညာအလယ်တန်းကျောင်း (ရဲကျောင်း) ရှေ့မှစတင်ကာ လမ်းငါးသွယ်အဝိုင်း၊ ထိုမှတစ်ဆင့် တက္ကသိုလ်လမ်း၊ မေတ္တာလမ်းနှင့် အ.ထ.က(၁)လမ်းအတိုင်း စုပေါင်းလမ်းလျှောက် ကြပြီး မကွေးခရိုင် အားကစားကွင်းတွင် ကိုယ်ကာကယ ကြံ့ခိုင်မှုလေ့ကျင်ခန်း အတွဲ(၁)နှင့် အတွဲ(၂) တို့ကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးခဲ့ရာ စုပေါင်း ကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို စုပေါင်း လမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာ မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့သည်။
စုပေါင်းလမ်းလျောက်ပွဲ အပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ အားကစားလ အားကစားပြိုင်ပွဲများအဖြစ် ကျား/မ လွန်ဆွဲ ဗိုလ်လုပွဲနှင့်ထုပ်ဆီးတိုးပြိုင်ပွဲ ဗိုဘ်လုပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဒီဇင်ဘာလ အားကစားလ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုး သမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား တစ်သောင်းရှစ်ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး၊ အလားတူ မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်ပိုင်းက ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ အင်အား နှစ်သောင်းခွဲဖြင့် လည်းကောင်း အသီးသီး ပါဝင်ဆင်နွှဲခဲ့ကြသဖြင့် တိုင်းဒေသကြီး တစ်ခုလုံးတွင် စုစုပေါင်းအင်အား လေးသောင်းကျော် တစ်ပြိုင်တည်း ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည် ။
အောင်ကို (ပြန်/ဆက်)