သတင်းများ

ပြည်နယ်အဆင့် ဆီးချို၊ သွေးချိုရောဂါအကြောင်း ဆွေးနွေးပွဲ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်
Jun 24,2023
၂၀၂၃ ခုနှစ်  ပြည်နယ်အဆင့် ဆီးချို၊ သွေးချို ရောဂါအကြောင်း ဆွေးနွေးပွဲ အခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Jun 24,2023
ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီရောက်ရှိလာပြီဖြစ်ရာ ခြင်များ မပေါက်ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းအား ယနေ့နံနက်ပိုင်းတွင်
မင်းတုန်းမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုး
Jun 24,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုက်၊ မင်းတုန်းမြို့ အမှတ်(၁)ရပ်ကွက် တောင်သူ ဦးစိန်သန်း၏ ကိုင်းမြေ တစ်ဧကတွင် ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိရစ္ဆာန် ကျန်းမာလုပ်သားတို့မှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် တောင်သူများနှင့်အတူ စိုက်ပျိုးခဲ့ကြသည်။
ချောက်မြို့တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်
Jun 24,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာအချက် အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၂၂ ရက်နေ့၊ နံနက် (၈)နာရီခွဲမှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်‌‌ဇော်တင့်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိ​ကြောင်းသိရသည်။
ပေါင်မြို့နယ်တွင် စပါးသီးနှံ အထွက်နှုန်းမိတ်ဖက်များ တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း သင်တန်းပို့ချ
Jun 24,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စပါးသီးနှံ အထွက်နှုန်းမိတ်ဖက်များ တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ စုပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အ.ထ.က ကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပကာ သစ်ပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအားတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ
Jun 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျောက်ဆည် ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်
Jun 24,2023
မန္တလေးတိုင်းဒေသကြီး၊ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် တစ်နိုင်တစ်ပိုင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများ တတ်မြောက်ပြီး မိသားစုအပိုဝင်မှ စီးပွားဖြစ်ဝင်ငွေရရှိရေးအတွက် ယမန်နေ့နံနက် (၁၀)နာရီက လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။