သတင်းများ

ငပုတောမြို့၌ ဆောင်းဆီထွက်သီးနှံ နေကြာ ထွန်တုံးပိတ် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Dec 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် လိပ်ချောင်းကျေးရွာ၌  ဆောင်းဆီထွက်သီးနှံ နေကြာ ထွန်တုံးပိတ် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် (၁‌၃၈၃)၊ ဦးပိုင်အမှတ် (၁၁/၂) တောင်သူဦးအောင်သူ၏ လယ်မြေ (၂.၅၃) ဧက၌ ကျင်းပပြုလုပ်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမျိုးသန့်နှင့်တာဝန်ရှိသူများတက်ရောက်၍ ဆင်းရွှေကြာ (၂)နေကြာမျိုးစေ့များကို စုပေါင်းစိုက်ပျိုးကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တာချီလိတ်လေယာဉ်ကွင်း  လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ တက်ရောက်
Dec 31,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် ယမန်နေ့ နံနက် (၇)နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်လေယာဉ်ကွင်း လေယာဉ်ပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှုလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီရေး၊ စံချိန်မီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရေနံချောင်းတက္ကသိုလ် သုံးထပ်စာသင်ဆောင်သစ်ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Dec 31,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရေနံချောင်းတက္ကသိုလ် သုံးထပ်စာသင်ဆောင်သစ် (သစ္စာဆောင်)ဖွင့်ပွဲအခမ်းအနားနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်း စကားပြော(မြန်မာ၊ အင်္ဂလိပ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၂၉ ရက်နေ့မွန်းလွဲ ၃ နာရီခွဲက တက်ရောက်ခဲ့ကြောင်းသိရသည်။
ငဖဲမြို့နယ်၌ ကျေးလက်လမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လမ်းရှစ်လမ်းနှင့် ကွန်ကရစ်တံတား၊ ရေကျော်/ရေပြွန် ၁၁ စင်းကို ခွင့်ပြုငွေကျပ်သန်းပေါင်း ၁၈၃၁ သန်းကျော်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့
Dec 31,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ကျေးလက်လမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် လမ်းရှစ်လမ်းနှင့် ကွန်ကရစ်တံတား၊ ရေကျော်/ရေပြွန် ၁၁ စင်းတို့ကို ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၁၈၃၁ သန်းကျော်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြို့၌ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းဆင်းပွဲကျင်းပ
Dec 31,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၃ပညာသင်နှစ်၊ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူတစ်နှစ်သင်တန်းနှင့် လက်ရက်ကန်းခြောက်လ(ဒုတိယအကြိမ်)သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရပ်ကွက်/ကျေးရွာပေါင်းစုံဖိတ်ခေါ် အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကျင်းပ
Dec 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား (၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရပ်ကွက်/ကျေးရွာပေါင်းစုံဖိတ်ခေါ် အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ညနေက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Dec 31,2023
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ
Dec 31,2023
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင်ကျင်းပလျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ရဲကျောင်း) ရှေ့၌ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများပါဝင်ဆင်နွှဲကြသည်။