ငဖဲမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြ စိုက်ပျိုးခြင်းဆောင်ရွက်
Jun 24,2023
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း ရက်သတ္တပတ်အဖြစ် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ပေါင်းကလေးကျေးရွာအုပ်စု ပေါင်းကလေးကျေးရွာ တောင်သူ ဦးမြင့်ဇော်ထွန်း၏ ယာမြေ၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။