လှိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး
Dec 31,2023
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုရှိ မြို့နယ်လေးမြို့နယ်၌ ဒီဇင်ဘာလဆန်းမှ စ၍ဆောင်ရွက်နေပြီး မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဥ်ကိုလည်းတစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။