ငပုတော ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် လိပ်ချောင်းကျေးရွာ၌ ဆောင်းဆီထွက်သီးနှံ နေကြာ ထွန်တုံးပိတ် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၃၈၃)၊ ဦးပိုင်အမှတ် (၁၁/၂) တောင်သူဦးအောင်သူ၏ လယ်မြေ (၂.၅၃) ဧက၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမျိုးသန့်နှင့်တာဝန်ရှိသူများတက်ရောက်၍ ဆင်းရွှေကြာ (၂)နေကြာမျိုးစေ့များကို စုပေါင်းစိုက်ပျိုးကြသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် တောင်သူဒေါ်မြင့်မြင့်အေး၏ လယ်မြေတွင် Super sun 41(၁၀.၀၀)ဧကအား ပေါင်းမြက်များရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှု့ပြီး အပင်များစနစ်တကျ ရှင်သန်ကြီးထွားစေရေးနှင့် ပိုးမွှားအန္တရာယ်ကင်းဝေးစေရေး၊ အပင်အတွက်လိုအပ်သော အာဟာရဓာတ်များရရှိစေရန်အတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲစေရေးမှာကြားပြီး တောင်သူဒေါ်ဌေးဌေး၏ လယ်မြေတွင် ဆောင်းစပါးသီးထပ်ရင် (၅.၀၀)ဧက စိုက်ပျိုးထားရှိမှု အခြေအနေအားကြည့်ရှု့အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများထံမှာ ကြားခဲ့ကြောင်းသိရသည်။
အောင်သူ (ပြန်/ဆက်)